အပေါ်သို့ 1:15 PM me: အပေါ်သို့

Download

Myanmar Calendar

Thursday, October 13, 2011

မလွမ်းပါဘူး”





အရင်တုန်းက ဒီအချိန် နင်ငါ့အနားမှာရှိခဲ့ဖူးတယ်။
အခုတော့ နင်မရှိဘဲ ငါတစ်ယောက်တည်း
ရင်ခုန်သံတွေ တိတ်ဆိတ်နေတာမှန်ပေမယ့်
ခံစားချက်တွေကတော့ ရှင်သန်နေတုန်းပါပဲ
ရင်ထဲက ဟာတာတာနဲ့ နင်သာရှိခဲ့ရင်ဆိုတဲ့
တမ်းတမှုကို ငါတောင်းတမိတာ ၀န်ခံပါတယ်။
အဲဒီတောင်းတမှုကို လူတကာတွေ ခေါင်းစဉ်တတ်သလို
“အလွမ်း” လို့တော့ ငါမတပ်ချင်ဘူး။
အလွမ်းဆိုတာ ပူလောင်တယ်လို့ ငါကြားဖူးတယ်။
အတ္တမပါတဲ့ ငါ့ရဲ့ တောင့်တမှုအတွက်
အလွမ်းဆိုတဲ့ ပူလောင်ခြင်းတွေ ငါမလိုချင်လို့
နင့်ကို ပြောလိုက်ပါရစေ
“နင်နဲ့ငါ ဘယ်လောက်ဝေးဝေး ငါနင့်ကို မလွမ်းပါဘူး”